Blogger news

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 9, 2014

Twitter v.5.6.0l.apk ( For Andriod )


         May 5 ရက်နေ့ကမှ နောက်ဆုံးထွက်ရှိလာတဲ့ Twitter v.5.6.0l ကိုတင်ပေးလိုက်ပါတယ်။
ပုံစံကတော့ အထူးအထွေပြောင်းလဲသွားခြင်းတော့ မရှိပါဘူး။ Twitter ကတော့သူ့ရဲ့ မူလဒီဇိုင်းကိုပဲ ဟန်မပျက်ဆက်ထိန်းထားပါတယ်။ ဗားရှင်းအဟောင်းထက်တော့ ပိုမြန်လာပါတယ်။ မြန်မာနိုင်ငံမှာလဲ အခုဆို Twitter ကိုစသုံးလာကြတာကို တွေ့နေရပါပြီ။ ကျွန်တော်ကတော့ သူငယ်ချင်း တို့ကို Twitter ကိုသုံးစေချင်ပါတယ်။ အကောင့်ဖောက်ရတာလဲ လွယ်ပါတယ်။ gmail နဲ့ပဲဖောက်ရ တာပါ။

Wednesday, May 7, 2014

Facebook v.8.0.0.26.24.apk ( official version ) for android




Facebook users များအတွက် Facebook v.8.0.0.26.24 ကိုတင်ပေးလိုက်ပါတယ်။ Official version ဖြစ်ပါတယ်။ ဗားရှင်းများစွာထွက်ပေမဲ့လဲ official version ထဲမှာတော့ ဒီကောင်က နောက် ဆုံး ဗားရှင်းဖြစ်ပါတယ်။ တော်တော်သုံးလို့ကောင်းပါတယ်။ Photos တွေ save လုပ်ရတာလဲ မြန်ပါတယ်။ official မို့လို့လားတော့မသိဘူး။ Andriod version 4.0 နဲ့အထက်ကို ကောင်းကောင်း support ပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ်လေ official သုံးတော့ စိတ်ချလက်ချရှိတာပေါ့။

Tuesday, May 6, 2014

Battery Docor v.4.9.apk

       Andriod Users တော်တော်များများ စိတ်ညစ်နေရတဲ့ Battery အကုန်မြန်သော ကိစ္စကို အထိုက်အလျှောက်ဖြေရှင်းပေးနိုင်တဲ့ Battery Doctor version အသစ်ကိုတင်ပေးလိုက်ပါတယ်။ မေလ ၁ရက်နေ့ကမှ ထွက်လာတာပါ။ ဗားရှင်းအဟာင်းထက် Function ပိုစုံလာပါတယ်။ ပုံစံလည်း ကွဲသွားပါ တယ်။ Task killer လည်းပါတဲ့အတွက် တော်တော်ကောင်းပါတယ်။ screen off power saver လဲ ပါတဲ့ အတွက် screen ကိုပိတ်လိုက်တာနဲ့ power ကိုထိန်းပေးထားပါတယ်။
       လိုချင်ရင်အောက်မှာဒေါင်းလိုက်နော်။
 

IOS Browser for andriod ( Safari )

      Andriod ကမူရင်း Browser ကိုသုံးရတာ ငြီးငွေ့နေသောသူတွေ နှင့် Browser အဆန်းလေးတွေကို အလဲအလှယ် သုံးချင်သူတွေအတွက် IOS Browser လေးတင်ပေးလိုက်ပါတယ်။Andriod အတွက်ဖြစ်ပါ တယ်။ IOS မှာဆိုရင်တော့ safari လို့ခေါ်ပါတတယ်။ သုံးရတာလဲတော်တော်ကောင်းပါတယ်။ Iphone ဒီဇိုင်းအတိုင်းပါပဲ။ မြန်လဲတော်တော်မြန်တယ်ဗျ။ Download လဲဆွဲလို့ကောင်းတယ်။ ပေါ့ပေါ့ပါးပါးပါပဲ။
ဖိုင်ဆိုဒ်ကလဲ နဲနဲလေးရယ်။ 1.3 mb ပဲရှိတယ်။ ဒီအနေအထားလောက်ဆို ဒေါင်းလို့လဲ အဆင်ပြေလောက် ပါတယ်။ အောက်က screenshot လေးတွေကိုလဲ ကြည့်လိုက်ဦးနော်။ ကျွန်တော် ပန်းသီးက safari နဲ့ ယှဉ်ပြထားတယ်။

Monday, April 28, 2014

Frontback-camera.apk ( For Andriod )



ကျွန်တော် ဒီတစ်ခေါက် တင်ပေးချင်တဲ့ app လေးကတော့ IOS မှာအလွန်လူကြိုက်များတဲ့ frontback camera ဆိုတဲ့ Photo ရိုက်တဲ့ app လေးပါ။ Andriod အတွက် ထုတ်ပေးလိုက်တာ သိပ်မကြာသေးပါဘူး။ Playstore ကနေစထုတ်ပေးလိုက်တုန်းက ဒေါင်းလုတ်ဆွဲတဲ့သူ တော်တော် များပါတယ်။
ဒီကောင်လေးရဲ့ Function ကတော့ ဓါတ်ပုံကို ရှေ့ ရောနောက်ပါ တစ်ခါတည်းရိုက်နိုင်တာပါ။ Photoshop သုံးစရာ မလိုပါဘူး။ ရှေ့ ကမြင်ကွင်းရော ကိုယ့်ပုံကိုပါ ပုံတစ်ပုံတည်းမှာတွဲရိုက်ပေးတာပါ။ ရှေ့  camera ရော Back camera ရော အလုပ်လုပ်ပေးတာပါ။ ဥပမာ- ကိုယ့်ရှေ့ မှာ ဂေါ်ဇလာကြီး တစ်ကောင်ပြေးလာတာကို ရိုက်မယ်ဆိုရင် ရှေ့ က အကောင်ကြီးရော ကြောက်နေတဲ့ ကိုယ့်မျက်နှာ ရော နှစ်ခုလုံး ပါအောင်ရိုက်ပေးနိုင်ပါတယ်။

Sunday, April 27, 2014

Harvest Moon_Back to Nature.apk ( For Andriod ) စိုက်ပျိုးရေးဂိမ်း


 
Andriod အတွက် Harvest moon game လေးတင်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ် လောက်က P2 မှာ လူကြိုက်များခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ စိုက်ပျိုးရေး လို့ခေါ်ကြပါတယ်။အခုတော့ Andriod ပေါ်ရောက်လာပြီပေါ့။ တနေ့က မှ အမှတ်မထင်တွေ့လို့ ဒေါင်းပြီးတင်ပေးလိုက်တာပါ။ အခုထိလဲ လူကြိုက်များနေတုန်းပါပဲ။ အေးအေးဆေးဆေးလေး ဆော့ရတဲ့ ဂိမ်းလေးးပါ။ ကာတွန်းဂိမ်းပေမယ့် ဖိုင်ဆိုဒ်ကတော့ တော်တော် နဲပါတယ်။ 6MB ပဲရှိတယ်နော်။ အောက်မှာလည်း screen shot လေးတွေလဲပြထားသေးတယ်နော်။
  ကြိုက်လို့ ဆော့ချင်ရင် အောက်မှာဒေါင်းလိုက်နော်။

Chess Game_1.0.2.apk ( For Andriod )

 
Andriod အတွက် Chess game လေးတင်ပေးလိုက်ပါတယ်။ ပေါ်တာတော့ နည်းနည်းတော့
ကြာပါပြီ။ ဆော့လို့ကောင်းလို့ တင်ပေးလိုက်တာပါ။ ကျွန်တော်တောင် ဒီကောင်လေးကို အမြဲတမ်း တင်ထားတယ်။ ဒီဇိုင်းလေးကလည်း ကြည့်လို့တော်တော်ကောင်းပါတယ်။ One player လုပ်ပြီး Andriod နဲ့ ဖိုက်လို့လဲ ရတယ်။ Two player ရွေးပြီး ဘော်ဒါနဲ့  ဆော့လို့လဲရတယ်။ Andriod ကို နည်းနည်း ညစ်လို့လဲရတယ်နော်..ဟဲ ဟဲ…..။ 

         ကဲဆော့ချင်ရင် အောက်မှာဒေါင်းလိုက်နော်။


Thursday, April 17, 2014

Tubemate v.2.2.2


           Mp-4 သီချင်းများကို ရုပ်ထွက်ကြည်ကြည် လင်လင် ကြည့်ချင်သူများအတွက် Tubemate v.2.2.2 ကိုတင်ပေးလိုက်ပါတယ်။ Play store မှာတွေ့လို့ မလာတာပါ။ အရင်က ထွက်ခဲ့ တဲ့ ဗားရှင်း တွေထက် ပိုကောင်းလာပါတယ်။ ဒေါင်းရတာလဲ တော်တော်ကို မြန်လာပါတယ်။ပိုကောင်းတာက 630×360 နဲ့ ဆွဲရင် screen အပြည့်မြင်ရတယ်။ နိုင်ငံခြား ကတင်တဲ့ သီချင်းတွေဆို ပိုကြည့်လို့ကောင်းတယ်။ ကြည်စိမ်းနေတာပဲ။ဒီကောင်လေးက resume လဲရတယ်ဗျ။ ကိုယ်ရပ်ချင်တဲ့ နေရာမှာ pause လုပ်ထား။pause မလုပ်လဲ internet လိုင်းပိတ်တာနဲ့ သူ့ဘာသူ့ pause ဖြစ်သွား ပါတယ်။ ကိုယ်ဆွဲချင်တဲ့ အချိန်ပြန်ဆွဲ ရပ်ထားတဲ့နေရာပဲ။ တရေးနိုးထဆွဲလဲရတယ်။ ဘယ်တော့ မှပြန်မကျဘူး။ဒေါင်းနေရင်းနဲ့လဲ ကြည့်လို့ရတယ်။ ဘာမှဖြစ်ဘူး။ ဒေါင်းရတာလဲ လွယ်ပါတယ်။

Sunday, April 13, 2014

TalkingCallerIDFree.apk (for android)

 
ကျွန်တော် ဒီနေ့တော့ apk ခပ်ဆန်းဆန်း ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ Talking Caller ID ဆိုတာလေးပဲ ဖြစ်ပါတယ်။ ဒီ apk လေးရဲ့ လုပ်ဆောင်ပုံကတော့ ကိုယ့်ဆီကို ဖုန်းလာရင် ဖုန်းခေါ်သူရဲ့ နံပါတ် / နာမည်ကို ပြောပေးတာပဲ ဖြစ်ပါတယ်။ကိုယ့် contact မှာ နာမည် ထည့်ထားတဲ့ သူကခေါ်ရင်တော့ သူ့နာမည် ကို ပြောပေးပါတယ်။ နာမည် မထည့်ထားတဲ့ သူခေါ်ရင်တော့ နံပါတ်ကိုပဲ ပြောပေးပါတယ်။ ဥပမာ ကိုယ့်အိမ်က ခေါ်တယ်ဆိုပါစို့ ။ အရင်ဆုံး ringtone မြည်ပါမယ်။အဲ ringtone မြည်နေစဉ်မှာပဲ call from HOME ….. ဆိုပြီး ပြောပေးပါတယ်။ တခြားမသိတဲ့ နံပါတ်ဆိုရင်တော့ Call from 09 …. ဘယ်လောက်ဘယ်လောက်ပေါ့ ..ဟဲ ဟဲ…။ အဲဒါပေမဲ့ ဒီကောင်လေးက မြန်မာလို contact မှတ်ထားရင်တော့ နံမည် မပြောဘူးဗျ ။ Call from  လို့ပဲ ရွတ်ပြတယ်။။
မိုက်တယ်နော်.. ဘော်ဒါတွေကြားမှာကြွားလို့ရတာပေါ့။

Tuesday, March 25, 2014

iLauncher_3.2.2.1.apk ( for android )

 
ကိုယ့်ရဲ့ android ဖုန်းကို ios 7.1 ဒီဇိုင်းလေး အလန်းထားချင် သူတွေအတွက် ilauncher_3.2.2.1 လေးတင်ပေးလိုက်ပါတယ်။ update apk လေးပါ။ အရင် ထွက်တဲ့ ios launcher တွေက စက်လေးတတ်ပါတယ်။ ဒီတစ်ခါ ဗားရှင်းလေးကတော့ ပေါ့ပေါ့ပါးပါးပါပဲ။ ဒီဗားရှင်းသစ်မှာ  ios7.1  Style အပြည့်မြင်ရမှာဖြစ်ပါတယ်။ os လေးတာလည်း မဖြစ်ပါဘူး။ Andrios version 4.0 အထက်တွေကို support ပေးထားတဲ့ ဒီ iLauncher ကို Google play မှာဆို ₩2,700  နဲ့ ဝယ်ရပေမဲ့ ကျွန်တော့ဆိုဒ်မှာတော့ အလကား ဒေါင်းယူနိုင်ပါတယ် ခင်ဗျာ။ လိုချင်ရင် အောက်မှာဒေါင်းနိုင်ပါတယ်။
 ₩2,700 buy in Google Play…………..

Monday, March 24, 2014

Auto Screenoff ( for android) Screen flip cover




ယနေ့ခေတ် စမတ်ဖုန်း ကိုင်ဆောင်သော လူကြီး ၊ လူငယ်တွေရဲ့  ကြားမှာ ရေပန်းစားနေတာက တော့ ဖုန်း ကာဗာ အဖုံး လေးတွေပဲဖြစ်ပါတယ်။ မိန်းကလေးတော်တော် များများ ဆိုရင် စာအုပ်ပုံစံ အစွပ် ကလေးတွေ သုံးကြတာ တွေ့ ရပါတယ်။ လှလဲလှ ကြပါတယ်။
အခု ကျွန်တော် တင်ပေးမဲ့ app လေးကတော့ ဖုန်းကာဗာ ကို ဖွင့်လိုက်ရင် အလိုလို ဖုန်းစကရင် ပွင့်လာပြီးတော့ ကာဗာ ပြန်ဖုံး လိုက်ရင် စကရင် အော့ဖ် ဖြစ်သွားတဲ့ apk လေးပါ။ အဲဒါ ဆိုတော့ ဖုန်း ပါဝါ ခလုတ်ကို ခဏခဏ မနှိပ်ရတော့ဘူးပေါ့ ။ ဖုန်း ဖွင့်ချိန်နဲ့  shut down ချတဲ့ အချိန် ကလွဲ ပြီးပေါ့။

Saturday, March 22, 2014

ပြန်လည်ပြင်ဆင်လိုက်တဲ့ Facebook v.9.0.0.0.8 for android (update March 22)

 
         22_March ရက်နေ့က ထပ်မန်ထွက်ရှိလာတဲ့ facebook version အသစ်ဟာ အရင် version တုန်းက error တွေကို ပြန်ပြင်လိုက်တာကို တွေ့ ရပါတယ်။ ဗားရှင်း အဟောင်းတုန်းက video ဒေါင်း ရင် အဆင်မပြေတာတွေကို လဲပြန်လည် ပြင်ဆင်လိုက်ပါပြီ။ Photo comment လည်း ရနေပါပြီ။ ပြီးတော့ မြန်မာလိုလဲ ပြေင်းလို့ ရနေပါပြီ။ ကျွန်တော်ကတော့ မစမ်းရသေးဘူး။ Group တွေလဲ မြန်ဆန်စွာ ဝင်နိုင်ပါပြီ။ Feeling လဲထည့်လို့ ရတယ်။
         သူ့ကို တင်သုံး ချင်ရင် အရင်ဗားရှင်း အဟောင်းကို အရင် uninstall လုပ်ပါနော်။ ပြီးမှ သူ့ကို install တင်ပါ။ အဟောင်းပေါ်ကနေ ထပ်မတင်နဲ့နော်။
         စိတ်ဝင်စားလို့ လိုချင်ရင် အောက်မှာဒေါင်းနော်။

Tuesday, March 18, 2014

Myankey _ android keyboard

 
        Keyboard ကောင်းကောင်းလေးတွေ သုံးချင်တဲ့ သူတွေ အတွက် အဆင်ပြေစေမှာပါ။  Myankey ကို သုံးတဲ့ သူကတော့ တော်တော် နည်းပါတယ်။ များသောအားဖြင့် Frozen တို့ Bagan တို့ လောက်ပဲ သုံးကြတာတွေ့ရပါတယ်။ ဒီ Myankey ကလဲ သူ့ဟာနဲ့ သူတော့ တော်တော် ကောင်းပါ တယ်။ ကျွန်တော်တောင် စမ်းသုံးကြည့်ပြီး တော်တော်ကြိုက်သွားပါတယ်။ Myankey က သူ့စနစ်ထဲ မှာကိုပဲ Input method ထည့် ပေးထားပါတယ်။ ပြီးတော့ system ထဲက font system ပါ ထည့်ပေး ထားတော့ တင်ပြီးတာနဲ့ input method ပြောင်းပြီး သုံးရုံပါပ။ဲ Myanmar keyboard မပြောင်းတတ်တဲ့ သူတွေ နဲ့ dafult keyboard မပါတဲ့ ဖုန်းတွေ အတွက် ဆောင်ထားသင့်ပါတဲ့ application လေးပါ။

Monday, March 17, 2014

Bti- Shakers-1.apk


ဒီ app လေးကတော့ shake လုပ်ရတာလေးပါ။ နည်းနည်း တော့ ပျော်ဖို့ကောင်းပါတယ်။ သူ့ထဲမှာပါတဲ့ ပုံလေးတွေထဲက တစ်ခုကို နှိပ်လိုက်ပါ။  ပြီးရင် ဖုန်းကို ခါလိုက်ပါ၊  အသံလေးတွေ ထွက် လာပါလိမ့်မယ်။  item လေးတွေတော့ တော်တော်ပါ ပါတယ်။   ချလွင်..ချလွင်နဲ့ ဟိဟိ ။

 လိုချင်ရင် အောက်မှာဒေါင်းလိုက်နော်။

     
                                    

Thursday, March 13, 2014

Signal Booster

 
အင်တာနက်လိုင်းကို မြန်မြန် ဆန်ဆန် သုံးချင်တဲ့ သူတွေအတွက် ဒီကောင်လေးက တော်တော် အဆင်ပြေစေပါတယ်။   ဒါပေမယ့် ဒီကောင်လေးက ပိုက်ဆံတော့ နဲနဲ ပိုကုန်တယ်ခင်ဗျ… ဟဲဟဲ ။       ဒါပေမဲ့ ဘေလ် ကုန်ပြီးတော့အဝိုင်းလည်တာ ထိုင်ကြည့် နေတာထက်စာရင်တော့ နဲနဲ တော်ပါသေးတယ်။   ကျွန်တော်သုံးတာ ကတော့ တော်တော် အဆင်ပြေပါတယ်။   အရေးတကြီး လုပ်စရာ ရှာစရာ ရှိတဲ့ အတွက်တော့ ဒီကောင်လေးက အသုံးဝင်စေပါတယ်။   သုံးပုံ သုံးနည်းကတော့ ဒီကောင်လေးကို install တင်ပြီးရင် လိုင်းဖွင့် ပြီးတော့ သူ့ကိုဖွင့်လိုက်ပါ။ ဖုန်းနဲနဲ ခါသွားမယ်နော် ၊ စိတ်မပူပါနဲ့ လိုင်းယူတာပါ ။    ပြီးရင် ပြန်ထွက်ပြီး အင်တာနက်စသုံးနိုင်ပါပြီ။

Tuesday, March 11, 2014

Espier Screen Locker iOS7 For android




 
         ကိုယ့်ဖုန်းရဲ့ Screen အဖွင့်ကို ခပ်လန်းလန်းလေး ထားချင်သူတွေအတွက် အဆင်ပြေမဲ့ app လေးပါ။  IOS7 screen locker ဆိုပေမဲ့ android အတွက်နော်။ ဒီဇိုင်းကတော့ တော်တော် မိုက်ပါတယ်။  အရင် Iphone screen locker တွေနဲ့ မတူတော့ဘူးနော်။ ပြီးရင် အရင် app တွေလို ပြန်မကျ တတ်တော့ပါဘူး။ Pin code security လေးလဲပါတယ်နော်။ Pin code ပုံစံ လေးကလဲ မသိရင် တကယ့် IOS7 လို့ထင်ရပါတယ်။ 
         
             ဗားရှင်း အကုန် အဆင်ပြေပါတယ်။ ဒီကောင်လေးကို သုံးမယ်ဆိုရင် ကိုယ့် android မှာ security က screen lock နေရာမှာ not locked သို့မဟုတ် None ကို အရင်လုပ်ထားပါနော်။ ဖိုင်ဆိုဒ်ကတော့ 1.44mb ပဲ ရှိတယ်နော်။ 
          လိုချင်ရင်အောက်မှာ ဒေါင်းလိုက်နော်။




                                                   ဒီမှာဒေါင်းပါ



                Download လုပ်နည်း

 အဆင့် (၁)။       ။ ဒီမှာဒေါင်းပါ ကို နှိပ်ပါ။        ၅ စက္ကန့်လောက်စောင့်ပါ။
 ( Skip AD ကအပေါ်ညာဘက်မှာရှိတယ်နော်။)

 အဆင့်(၂)။          ။  Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
   
                                                               အဆင်ပြေပါစေ။

Monday, March 10, 2014

Cigarette Battery v.1.3





 

                      ဒီ application လေးကတော့ ကိုယ့် battery percentage ကို Home screen ပေါ်မှာ လန်းလန်းလေး ထားချင်သူတွေအတွက် ဖြစ်ပါတယ်။ ပုံမှာတွေ့တဲ့ အတိုင်း ခပ်မိုက်မိုက်လေးပါ။ ပေါ်တာတော့တော် တော် ကြာပါပြီ။ လိုချင် သူတွေ အတွက်ပါ။
                    ဆိုဒ်ကလဲ 2mb တောင် မရှိပါဘူး။ သတိထားရမှာက ဒီကောင်လေးက widget application နော်။လိုချင်ရင် အောက်မှာဒေါင်း သွားနော်။

                                                       ဒီမှာဒေါင်းပါ

   Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။
( Skip AD ကအပေါ်ညာဘက်မှာရှိတယ်နော်။)

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
               

                                                                      အဆင်ပြေပါစေ။

Anyshare Lite v.2.1.48-lite



               
     ဒီ apk လေးကတော့ andriod အချင်းချင်း ဖိုင် တွေ share လုပ်ချင်သူတွေအတွက် အဆင်ပြေစေ 
မဲ့ app လေးဖြစ်ပါတယ်။ apps ၊ videos ၊ music ၊ contacts ၊ photos ၊ files အကုန် ရှယ်လို့ရပါတယ်။ အားသာချက်ကတော့ ဖုန်း အချင်းချင်း နာမည်တောင် ရှာစရာတောင် မလိုပါဘူး။ ဒီ apk ကို ရှယ်မဲ့သူ နှစ်ယောက် က install လုပ်ထားပါ။  ပို့မဲ့သူက send ကို နှိပ်ပါ ၊ လပ်ခံမဲ့ သူကတော့ receive ကို နှိပ်ပါ။ ပြီးရင် ကိုယ်ပို့ချင်တဲ့ ဖိုင် ပေါ်ကို တစ်ချက် နှိပ်လိုက်ပါ။ select မှတ်ပြီဲး အများကြီးပို့လို့လဲ ရတယ် နော်။   ပြီးရင် အပေါ် ညာဘက်နားက next ဆိုတာ နှိပ်လိုက်နော်။  receive ယူမဲ့ ဖုန်း နာမည် သူ့အလိုလို ပေါ်နေတာတွေ့ပါလိမ့်မယ်။ ကဲ နှိပ်လိုက်နော် … ရပါပြီ။   OK နော်….
   
 ဒီကောင်လေးရဲ့အားသာချက်က စက်မလေးပါဘူး ၊ နာမည်ရှာစရာမလိုပါဘူး ၊ select မှတ် ပို့လို့ ရပါတယ် ၊ မြန်လဲမြန်ပါတယ်၊ andriod version အကုန်သုံးလို့ရပါတယ်။
    
 ကဲလိုချင်ရင် အောက်မှာဒေါင်းနော်။


                                                           ဒီမှဒေါင်းပါ

     Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။
( Skip ADကအပေါ်ညာဘက်မှာရှိတယ်နော်။)

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
               

                                                                      အဆင်ပြေပါစေ။

Monday, March 3, 2014

Mobile AntiVirus Security PRO 3.6 for android (latest version)

Android အမျိုးအစားဖုန်းတွေထဲကို Virus မ၀င်ဖို့နဲ့ ဖုန်းရဲ့လုံခြုံရေးပိုင်းကိုအပြည့်အ၀ကာကွယ်ပေးနိုင်မယ့်
Mobile Antivirus Security Pro v for Android ကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးက Android ဖုန်း/Tablet ထဲကို Virus , Malware, Spyware စတာတွေဝင်မလာအောင် အချိန်ပြည့်စစ်ဆေးပေးနေမှာဖြစ်ပါတယ်။ ဖုန်းမှာသွင်းထားတဲ့ အခြားဆော့ဝဲတွေမှာ virus ပါမပါကိုလည်းစစ်ဆေးပေးပါတယ်။ ဖုန်း/Tablet နဲ့အင်တာနက်ကြည့်ရာမှာ ကိုယ့်ရဲ့ data တွေခိုးယူခံရခြင်းမရှိဖို့လည်း Mobile Antivirus Security Pro ကကာကွယ်ပေးနိင်ပါသေးတယ်။ Blacklist features လည်းပါဝင်တာကြောင့် ကိုယ်မ၀င်စေချင်တဲ့ ဖုန်း call , SMS စတာတွေကိုလည်း Block ထားနိုင်ဦးမှာပါ။ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတစ်ခုချင်းစီအလိုက် Password ပေးထားနိုင်တဲ့ function လည်းပါဝင်တာကြောင့် ကိုယ့်ဖုန်းကို သူများလာကိုင်တဲ့အခါ အသုံးမပြုစေချင် ၊ မကြည့်ရှုစေချင်တဲ့ function များကိုလည်း Lock ချထားနိုင်ဦးမှာပါ။ တော်တော်လေးကိုလန်းတဲ့ Mobile Security ဆော့ဝဲလေးဖြစ်ပါတယ်။
  လိုချင်ရင်အောက်မှာ ဒေါင်းနိုင်ပါတယ်။

                                                                 ဒီမှာဒေါင်းပါ

 Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။
( Skip ADကအပေါ်ညာဘက်မှာရှိတယ်နော်။)

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                

                                                                      အဆင်ပြေပါစေ။

ဖုန်း app ဒေါင်းသူများအတွက် အကောင်းဆုံး apk download pro



          
ဖုန်း ဆော့ဝဲလ် တွေကို ဒေါင်းရတာ နှစ်သက်သူတွေအတွက် မြန်ဆန်ပြီး သုံးလို့အဆင်ပြေတဲ့ app လေးတစ်ခုတင်ပေးလိုက်ပါတယ်။ andriod app တွေကို update မှကြိုက်သူတွေအတွက် အဆင်ပြေ ပါတယ်။ Web အခြေခံapplication လေးဖြစ်တဲ့အတွက်ကွန်နက်ရှင်မကောင်းရင်တောင်အသုံးပြုနိုင်ပါတယ်။လိုချင်ရင် အောက် မှာဒေါင်းနိုင်ပါတယ်။
               
                                                               ဒီမှာဒေါင်းပါ


   Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။
( Skip ADကအပေါ်ညာဘက်မှာရှိတယ်နော်။)

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                

                                                                      အဆင်ပြေပါစေ။
                                                                   

                                                             

Sunday, March 2, 2014

Facebook v.8.0.0.0.11 apk





   Facebook user တွေအတွက်နောက်ထပ်  version အသစ် ထပ် ထွက်လာပါပြီ။ အခု ဗားရှင်းမှာ photo comment ပါပေးလို့ ရပါပြီ။ ဆိုဒ်ကတော့ 18mb ပါ။ facebook ကတော့ တော်တော်လည်း သုံးကြတဲ့ app ပါ။ ကျွန်တော်လည်း သုံးပါတယ်။ဒီတစ်ခါ ဗားရျင်းကတော့ နဲနဲ တော့ ဆန်းနေပါတယ်။ လိုချင်ရင် အောက်မှာဒေါင်းနိုင်ပါတယ်။။

                                                                    ဒီမှာဒေါင်းပါ 

Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။
( Skip ADကအပေါ်ညာဘက်မှာရှိတယ်နော်။)

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                 

                                                                      အဆင်ပြေပါစေ။

Tango v.3.5.7






   



               Tango ကို ကြိုက်တဲ့သူတွေအတွက် Version အသစ်လေးပေါ်လာပါပြီ။ တော်တော်မိုက်ပါတယ်။
ပိုသုံးလို့ကောင်းလာပါတယ်။ လိုချင်ရင်အောက်မှာဒေါင်းနိုင်ပါတယ်။

                                                                      ဒီမှာဒေါင်းပါ


Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                

                                                                      အဆင်ပြေပါစေ။

Gmail v4.7.2


     Gmail သုံးတဲ့ သူတွေအတွက် နောက်ထပ် update တစ်ခု ထွက်လာပါပြီ။ တော်တော်ကောင်းပါတယ်။ အဟောင်းထပ်လည်း function ပိုစုံလာပါတယ်။လိုချင်ရင်အောက်မှာ ဒေါင်းနိုင်ပါတယ်။

                                                           ဒီမှာဒေါင်းပါ

  Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                

                                                                      အဆင်ပြေပါစေ။

Photowonder (v.3.1.4)

                   ဓါတ်ပုံပြင်တာ ဝါတနာ ပါတဲ့ အကို အမ တွေအတွက်ပါ... photo wonder ကိုတော့ သိကြမှာပါ။ ကျွန်တော်လည်းကြိုက်ပါတယ်။ ဗားရှင်း အသစ်လေးရလို့ပါ။လိုချင်ရင် အောက်မှာ ဒေါင်းသွားပါခင်ဗျာ။

                                                                         ဒီမှာဒေါင်းပါ

Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                 

                                                                      အဆင်ပြေပါစေ။

Saturday, March 1, 2014

Bagan Keyboard Pro V.3.2.4

                   
နောက်ဆုံး ထွက် version လေးပါ။Bagan Keyboard ကတော့ နာမည်ကြီးပါတယ်။ ကြိုက်ရင်အောက်မှာဒေါင်းနိုင်ပါသည်။

                                                     ဒီမှာဒေါင်းပါ

 Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းပါ ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download ကျလာပါမယ်...နှိပ်လိုက်ပါ ။
                 

                                                                      အဆင်ပြေပါစေ။

z4Root v 1.3.0 for android(latest version)



                                   
Android phone/Tablet ကိုင်ဆောင်သူများအတွက် မိမိတို့ဖုန်းထဲမှာတင် root လုပ်ပေးနိုင်မယ့်ဆော့ဝဲလ်လေး z4root ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို ဖုန်းထဲမှာ install           လုပ်ပြီး(one click)အသုံးပြုရုံပဲဖြစ်ပါတယ်။Root ဖောက်ဖို့အတွက်   ကွန်ပျူတာမလိုအပ်တာကြောင့် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ဖုန်းတော်တော်များများကို Root ပြုလုပ်နိုင်တာတွေ့ရပါတယ်။Samsung,Htc,huawei,sony…စတဲ့ ဖုန်းမော်ဒယ်တော်တော်များကို Root ဖောက်နိုင်မှာပါ။ support ပေးထားတဲ့ Device စာရင်းကတော့ အောက်ပါအတိုင်းပါ။


                                                             ဒီမှာဒေါင်းပါ
  
Download လုပ်နည်း

အဆင့် (၁) ဒီမှာဒေါင်းရန် ကို နှိပ်ပါ။ ၅ စက္ကန့်လောက်စောင့်ပါ။

အဆင့်(၂)Skip AD ကို နှိပ်ပါ။ download အလိုလို ဒေါင်းပါမယ်။  ။
                        
                                                            အဆင်ပြေကြပါစေ။


Monday, February 24, 2014

Super Flash

Super Flash


             ဒ်ီ flash app ကဖုန်းမီးဖွင့်​တဲ့   ​applaction​လေးပါ။ဖုန်းကို   shake   (သို့)   ဖုန်းမျက်​နှာပြင်​ကို လက်ဖြင့်ပွတ်​ရုံနှင့်​မီးလာပါသည်​။မီးပိတ်​ချင်​ရင်​ ဖုန်း​​နောက်​​ကောလက်​ဖြင့်​ပွတ်​ရုံနှင့်​မီးပိတ်​ပါသည်​။ 

         
                                                              ဒီမှာဒေါင်းရန်