Blogger news

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 28, 2014

Frontback-camera.apk ( For Andriod )



ကျွန်တော် ဒီတစ်ခေါက် တင်ပေးချင်တဲ့ app လေးကတော့ IOS မှာအလွန်လူကြိုက်များတဲ့ frontback camera ဆိုတဲ့ Photo ရိုက်တဲ့ app လေးပါ။ Andriod အတွက် ထုတ်ပေးလိုက်တာ သိပ်မကြာသေးပါဘူး။ Playstore ကနေစထုတ်ပေးလိုက်တုန်းက ဒေါင်းလုတ်ဆွဲတဲ့သူ တော်တော် များပါတယ်။
ဒီကောင်လေးရဲ့ Function ကတော့ ဓါတ်ပုံကို ရှေ့ ရောနောက်ပါ တစ်ခါတည်းရိုက်နိုင်တာပါ။ Photoshop သုံးစရာ မလိုပါဘူး။ ရှေ့ ကမြင်ကွင်းရော ကိုယ့်ပုံကိုပါ ပုံတစ်ပုံတည်းမှာတွဲရိုက်ပေးတာပါ။ ရှေ့  camera ရော Back camera ရော အလုပ်လုပ်ပေးတာပါ။ ဥပမာ- ကိုယ့်ရှေ့ မှာ ဂေါ်ဇလာကြီး တစ်ကောင်ပြေးလာတာကို ရိုက်မယ်ဆိုရင် ရှေ့ က အကောင်ကြီးရော ကြောက်နေတဲ့ ကိုယ့်မျက်နှာ ရော နှစ်ခုလုံး ပါအောင်ရိုက်ပေးနိုင်ပါတယ်။

Sunday, April 27, 2014

Harvest Moon_Back to Nature.apk ( For Andriod ) စိုက်ပျိုးရေးဂိမ်း


 
Andriod အတွက် Harvest moon game လေးတင်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ် လောက်က P2 မှာ လူကြိုက်များခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ စိုက်ပျိုးရေး လို့ခေါ်ကြပါတယ်။အခုတော့ Andriod ပေါ်ရောက်လာပြီပေါ့။ တနေ့က မှ အမှတ်မထင်တွေ့လို့ ဒေါင်းပြီးတင်ပေးလိုက်တာပါ။ အခုထိလဲ လူကြိုက်များနေတုန်းပါပဲ။ အေးအေးဆေးဆေးလေး ဆော့ရတဲ့ ဂိမ်းလေးးပါ။ ကာတွန်းဂိမ်းပေမယ့် ဖိုင်ဆိုဒ်ကတော့ တော်တော် နဲပါတယ်။ 6MB ပဲရှိတယ်နော်။ အောက်မှာလည်း screen shot လေးတွေလဲပြထားသေးတယ်နော်။
  ကြိုက်လို့ ဆော့ချင်ရင် အောက်မှာဒေါင်းလိုက်နော်။

Chess Game_1.0.2.apk ( For Andriod )

 
Andriod အတွက် Chess game လေးတင်ပေးလိုက်ပါတယ်။ ပေါ်တာတော့ နည်းနည်းတော့
ကြာပါပြီ။ ဆော့လို့ကောင်းလို့ တင်ပေးလိုက်တာပါ။ ကျွန်တော်တောင် ဒီကောင်လေးကို အမြဲတမ်း တင်ထားတယ်။ ဒီဇိုင်းလေးကလည်း ကြည့်လို့တော်တော်ကောင်းပါတယ်။ One player လုပ်ပြီး Andriod နဲ့ ဖိုက်လို့လဲ ရတယ်။ Two player ရွေးပြီး ဘော်ဒါနဲ့  ဆော့လို့လဲရတယ်။ Andriod ကို နည်းနည်း ညစ်လို့လဲရတယ်နော်..ဟဲ ဟဲ…..။ 

         ကဲဆော့ချင်ရင် အောက်မှာဒေါင်းလိုက်နော်။


Thursday, April 17, 2014

Tubemate v.2.2.2


           Mp-4 သီချင်းများကို ရုပ်ထွက်ကြည်ကြည် လင်လင် ကြည့်ချင်သူများအတွက် Tubemate v.2.2.2 ကိုတင်ပေးလိုက်ပါတယ်။ Play store မှာတွေ့လို့ မလာတာပါ။ အရင်က ထွက်ခဲ့ တဲ့ ဗားရှင်း တွေထက် ပိုကောင်းလာပါတယ်။ ဒေါင်းရတာလဲ တော်တော်ကို မြန်လာပါတယ်။ပိုကောင်းတာက 630×360 နဲ့ ဆွဲရင် screen အပြည့်မြင်ရတယ်။ နိုင်ငံခြား ကတင်တဲ့ သီချင်းတွေဆို ပိုကြည့်လို့ကောင်းတယ်။ ကြည်စိမ်းနေတာပဲ။ဒီကောင်လေးက resume လဲရတယ်ဗျ။ ကိုယ်ရပ်ချင်တဲ့ နေရာမှာ pause လုပ်ထား။pause မလုပ်လဲ internet လိုင်းပိတ်တာနဲ့ သူ့ဘာသူ့ pause ဖြစ်သွား ပါတယ်။ ကိုယ်ဆွဲချင်တဲ့ အချိန်ပြန်ဆွဲ ရပ်ထားတဲ့နေရာပဲ။ တရေးနိုးထဆွဲလဲရတယ်။ ဘယ်တော့ မှပြန်မကျဘူး။ဒေါင်းနေရင်းနဲ့လဲ ကြည့်လို့ရတယ်။ ဘာမှဖြစ်ဘူး။ ဒေါင်းရတာလဲ လွယ်ပါတယ်။

Sunday, April 13, 2014

TalkingCallerIDFree.apk (for android)

 
ကျွန်တော် ဒီနေ့တော့ apk ခပ်ဆန်းဆန်း ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ Talking Caller ID ဆိုတာလေးပဲ ဖြစ်ပါတယ်။ ဒီ apk လေးရဲ့ လုပ်ဆောင်ပုံကတော့ ကိုယ့်ဆီကို ဖုန်းလာရင် ဖုန်းခေါ်သူရဲ့ နံပါတ် / နာမည်ကို ပြောပေးတာပဲ ဖြစ်ပါတယ်။ကိုယ့် contact မှာ နာမည် ထည့်ထားတဲ့ သူကခေါ်ရင်တော့ သူ့နာမည် ကို ပြောပေးပါတယ်။ နာမည် မထည့်ထားတဲ့ သူခေါ်ရင်တော့ နံပါတ်ကိုပဲ ပြောပေးပါတယ်။ ဥပမာ ကိုယ့်အိမ်က ခေါ်တယ်ဆိုပါစို့ ။ အရင်ဆုံး ringtone မြည်ပါမယ်။အဲ ringtone မြည်နေစဉ်မှာပဲ call from HOME ….. ဆိုပြီး ပြောပေးပါတယ်။ တခြားမသိတဲ့ နံပါတ်ဆိုရင်တော့ Call from 09 …. ဘယ်လောက်ဘယ်လောက်ပေါ့ ..ဟဲ ဟဲ…။ အဲဒါပေမဲ့ ဒီကောင်လေးက မြန်မာလို contact မှတ်ထားရင်တော့ နံမည် မပြောဘူးဗျ ။ Call from  လို့ပဲ ရွတ်ပြတယ်။။
မိုက်တယ်နော်.. ဘော်ဒါတွေကြားမှာကြွားလို့ရတာပေါ့။