ကျွန်တော် ဒီနေ့တော့ apk
ခပ်ဆန်းဆန်း ခပ်လန်းလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင် ပါတယ်။ Talking Caller ID ဆိုတာလေးပဲ
ဖြစ်ပါတယ်။ ဒီ apk လေးရဲ့ လုပ်ဆောင်ပုံကတော့ ကိုယ့်ဆီကို ဖုန်းလာရင် ဖုန်းခေါ်သူရဲ့
နံပါတ် / နာမည်ကို ပြောပေးတာပဲ ဖြစ်ပါတယ်။ကိုယ့် contact မှာ နာမည် ထည့်ထားတဲ့ သူကခေါ်ရင်တော့
သူ့နာမည် ကို ပြောပေးပါတယ်။ နာမည် မထည့်ထားတဲ့ သူခေါ်ရင်တော့ နံပါတ်ကိုပဲ ပြောပေးပါတယ်။
ဥပမာ ကိုယ့်အိမ်က ခေါ်တယ်ဆိုပါစို့ ။ အရင်ဆုံး ringtone မြည်ပါမယ်။အဲ ringtone မြည်နေစဉ်မှာပဲ
call from HOME ….. ဆိုပြီး ပြောပေးပါတယ်။ တခြားမသိတဲ့ နံပါတ်ဆိုရင်တော့ Call from
09 …. ဘယ်လောက်ဘယ်လောက်ပေါ့ ..ဟဲ ဟဲ…။ အဲဒါပေမဲ့ ဒီကောင်လေးက မြန်မာလို contact မှတ်ထားရင်တော့
နံမည် မပြောဘူးဗျ ။ Call from လို့ပဲ ရွတ်ပြတယ်။။
မိုက်တယ်နော်.. ဘော်ဒါတွေကြားမှာကြွားလို့ရတာပေါ့။
ဖိုင်ဆိုဒ်ကလဲ သေးသေးလေးမှ သေးသေး လေးနော် ။ 127 kb ပဲရှိတယ်နော်။ ဒေါင်းရင် ၂ မိနစ်တောင်မကြာပါဘူး ။ လိုင်းကောင်းရင်ပေါ့ ။် Install တင်ပြီးရင် သူ့ကို ဖွင့်လိုက်ပါ။ ပြီးရင် enable speaking ဆိုတာလေးကို အမှန် ခြစ်ထည့်ပေးလိုက်နော်။ ပြီူးရင် ဖုန်းတစ်လုံးနဲ့ ကိုယ့်ဖုန်းကို ခေါ်လိုက်.. ဟဲ ဟဲ လန်းလန်းလေး ကြားရမယ်နော်။ တကယ်လို့ အသံမကြားရရင် ဖုန်း setting ထဲက assibility ဆိုတဲ့ လက်ငါးချောင်းပုံ စံ လေးထဲကို ဝင်ပြီး TTS ဆိုတာလေးကို mark လေးတစ်ချက်ပေးလိုက်နော်.. ရပါပြီနော်။

ကျွန်တော် Solidfile Link ကနေ တင်ပေးထားပါတယ်။ အဆင်မပြေတာများရှိရင် comment ပေးခဲ့ပါ။
အောက်က ကြော်ငြာလေးလဲ ကလစ်ပေးပါဦးနော်။
<1207489>
အဆင်ပြေပါစေ။
No comments:
Post a Comment