Blogger news

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, April 17, 2014

Tubemate v.2.2.2


           Mp-4 သီချင်းများကို ရုပ်ထွက်ကြည်ကြည် လင်လင် ကြည့်ချင်သူများအတွက် Tubemate v.2.2.2 ကိုတင်ပေးလိုက်ပါတယ်။ Play store မှာတွေ့လို့ မလာတာပါ။ အရင်က ထွက်ခဲ့ တဲ့ ဗားရှင်း တွေထက် ပိုကောင်းလာပါတယ်။ ဒေါင်းရတာလဲ တော်တော်ကို မြန်လာပါတယ်။ပိုကောင်းတာက 630×360 နဲ့ ဆွဲရင် screen အပြည့်မြင်ရတယ်။ နိုင်ငံခြား ကတင်တဲ့ သီချင်းတွေဆို ပိုကြည့်လို့ကောင်းတယ်။ ကြည်စိမ်းနေတာပဲ။ဒီကောင်လေးက resume လဲရတယ်ဗျ။ ကိုယ်ရပ်ချင်တဲ့ နေရာမှာ pause လုပ်ထား။pause မလုပ်လဲ internet လိုင်းပိတ်တာနဲ့ သူ့ဘာသူ့ pause ဖြစ်သွား ပါတယ်။ ကိုယ်ဆွဲချင်တဲ့ အချိန်ပြန်ဆွဲ ရပ်ထားတဲ့နေရာပဲ။ တရေးနိုးထဆွဲလဲရတယ်။ ဘယ်တော့ မှပြန်မကျဘူး။ဒေါင်းနေရင်းနဲ့လဲ ကြည့်လို့ရတယ်။ ဘာမှဖြစ်ဘူး။ ဒေါင်းရတာလဲ လွယ်ပါတယ်။
ကိုယ်ရှာချင်တဲ့ သီချင်း နာမည် ဒါမှမဟုတ် အဆိုတော်နာမည်ကို အပေါ်က search အဝိုင်းလေးမှာ ထည့်ရိုက်လိုက်။ အဲ့မှာ Youtube မှာတင်ထားတဲ့ သီချင်းတွေကျလာပါလိမ့်မယ်။ ပြီးရင် ကိုယ်ကြိုက်တာကို ရွေးပြီူး နှိပ်လိုက်ပါ။ နောက်တစ်ဆင့်က ကိုယ်လိုချင်တဲ့ သီချင်းပေါ်လာပြီဆိုရင် အပေါ်က အောက်စိုက်နေတဲ့ အစိမ်းမျှားလေးကို နှိပ်လိုက်ပါ။ ဒေါင်းလော့ type လေးပေါ်လာပါမယ်။ 630×320 နဲ့ဆွဲမှာလား တခြား အမျိုးအစားနဲ့ဆွဲမှာလားပေါ့။ ကိုယ်ကြိုက်တာရွေးပေါ့။ ကျွန်တော်ကတော့ 630×320 ပဲကြိုက်တယ်။ ပြီးရင် အောက်က အောက်စိုက်နေတဲ့ အစိမ်းမျှားလေးကို နှိပ်လိုက်နော်။ ကဲ စဆွဲပါပြီခင်ဗျာ။
ကျွန်တော်တစ်ခုပြောချင်တာက download type ပေးရင် mp4 ကိုပဲ ရွေးပါနော်။ android phone အများစုက mp4 ပဲ ဖတ်တာများပါတယ်။ တခြား type ကိုကျွန်တော်လည်း မစမ်းကြည့်ရ သေးလို့ပါ။အခုလိုပြောနေတာ မသိတဲ့ သူတွေအတွက်ပါ။ Tubemate သုံးနေကျသူဆို ဘယ်လို သုံးရ မယ်ဆိုတာ တန်းသိပါတယ်။
ဖိုင်ဆိုဒ်ကလည်းနဲပါတယ်။ 2mb ပဲရှိပါတယ်။ကျွန်တော်ကတော့ ဒီကောင်လေးနဲ့ 1 နာရီခွဲ ကြာတဲ့ Movie တစ်ခုတောင်ဆွဲ ပြီးသွားပါပြီ။ ဟဲဟဲ နဲနဲတော့ စိတ်ရှည်လိုက်ရတာပေါ့။ အော်ပြောဖို့ မေ့တော့မလို့ ဒီကောင်လေးက Audio လည်းဆွဲလို့ရတယ်နော်။
ကဲလိုချင်ရင်တော့အောက်မှာဒေါင်းလိုက်ပါနော်။




 



 

https://3.bp.blogspot.com/-dWpXbJmqlgc/U0-4sz1tFcI/AAAAAAAARGo/huqh0bMmqyQ/s1600/download01.png




ကျွန်တော် Solidfile link ကနေ တင်ပေးလိုက်ပါတယ်။ အဆင်မပြေတာများရှိရင် comment ပေးခဲ့ပါခင်ဗျာ။ အောက်က ကြော်ငြာလေး ကိုလည်းတစ်ချက်လောက်ကလစ်ပေးခဲ့ပါဦးနော်။

  <1207489>





                                                   
                                                  
                                                         အဆင်ပြေပါစေ။

No comments:

Post a Comment